တချို့ Open-Source License တွေကို ဘာလို့ တချို့ Company ကြီးတွေမှာ အသုံးပြုခွင့်မပေးတာလဲ
Open-Source License ဆိုတာ ဆော့ဖ်ဝဲလ်တစ်ခုရဲ့ Source Code ကို လူတိုင်းအခမဲ့ ကြည့်ရှု၊ အသုံးပြု၊ ပြင်ဆင်၊ ဖြန့်ဝေခွင့်ပေးတဲ့ တရားဝင် သဘောတူညီချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုအခွင့်အရေးတွေနဲ့အတူ လိုက်နာရမယ့် စည်းကမ်းချက်တွေလည်း ပါဝင်ပါတယ်။
ဒါပေမဲ့ တစ်ချို့ Company ကြီးတွေမှာ open-source ဖြစ်တိုင်း အသုံးပြုခွင့်မပေးပါဘူး။
ကုမ္ပဏီကြီးတွေက ဘာကြောင့် Open-Source License တချို့ကို ခွင့်မပြုတာလဲ။
ကုမ္ပဏီအများစုက Open-Source ကို နှစ်ခြိုက်စွာ အသုံးပြုကြပေမယ့် တချို့ License အမျိုးအစား အထူးသဖြင့် Copyleft License တွေကိုတော့ ရှောင်ရှားကြပါတယ်။ အဓိက အကြောင်းရင်းကတော့ သူတို့ရဲ့ စီးပွားရေး ကို ကာကွယ်ဖို့ပါပဲ။
၁။ Copyleft License များရဲ့ သဘာဝကြောင့်
GNU General Public License (GPL) လို License မျိုးဟာ “Copyleft” အမျိုးအစားထဲမှာ ပါပါတယ်။ သူ့ရဲ့ အဓိကစည်းကမ်းကတော့:
“GPL License နဲ့ ထုတ်ထားတဲ့ Code ကို သင့်ရဲ့ ဆော့ဖ်ဝဲလ်ထဲမှာ အသုံးပြုခဲ့ရင်၊ သင်ဖန်တီးလိုက်တဲ့ ဆော့ဖ်ဝဲလ်တစ်ခုလုံးကိုလည်း GPL License အောက်ကနေ Open-Source ပြန်လုပ်ပေးရမယ်။”
ဒါကို “Viral” License လို့လည်း တင်စားခေါ်ကြပါတယ်။ ဗိုင်းရပ်စ်ပိုးလိုပဲ သူပါဝင်တဲ့နေရာမှန်သမျှကို သူ့လိုပဲ ဖြစ်သွားစေလို့ပါ။
ဒါဟာ ကုမ္ပဏီရဲ့ နည်းပညာတွေ၊ စီးပွားရေးလျှို့ဝှက်ချက်တွေကို အလကားပေးလိုက်ရသလို ဖြစ်သွားနိုင်တဲ့အတွက် စီးပွားရေးအရ ထိခိုက်နိုင်လို့ ကုမ္ပဏီကြီးတွေရဲ့ ရှေ့နေအဖွဲ့တွေက GPL လို License မျိုးကို လုံးဝခွင့်မပြုကြပါဘူး။
၂။ Permissive License များနှင့် ကွာခြားလို့
Copyleft License တွေနဲ့ ဆန့်ကျင်ဘက်ကတော့ Permissive License တွေပါ။ ဥပမာ - MIT License, Apache License 2.0, BSD License တို့ ဖြစ်ပါတယ်။
ဒီ License တွေကတော့ အရမ်းကို လိုက်လျောညီထွေရှိပါတယ်။
“ဒီ Code ကို ကြိုက်သလိုသုံး၊ ပြင်၊ ရောင်း၊ စား။ ဒါပေမဲ့ မူရင်းဖန်တီးသူက ဘယ်သူဆိုတာလေးတော့ Credit ပေးပါ။” ဆိုတဲ့ သဘောပါပဲ။
သူတို့က ကိုယ့်ရဲ့ Code ကို Open-Source ပြန်လုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်မရှိပါဘူး။ ဒါကြောင့် Kubernetes ( Apacehe-2.0 ), .NET Core ရဲ့ MIT License တို့လို ကုမ္ပဏီကြီးတွေက Permissive License တွေကို သူတို့ရဲ့ ထုတ်ကုန်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးကြပါတယ်။
Popular opensource licenses
License Type | Example Licenses | Key Point |
---|---|---|
Permissive (Non-Copyleft) | MIT License, Apache License 2.0, BSD License | Has very few restrictions and can be freely used in commercial software. |
Weak Copyleft | Mozilla Public License (MPL), GNU LGPL | Requires only modifications to the original licensed files to be released as open-source. |
Strong Copyleft | GNU General Public License (GPL), AGPL | Requires the entire derivative work (the whole software) to be released as open-source under the same license. |
Open-Source License ဆိုတာ အလွန်အသုံးဝင် ပေမယ့် သူ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေချာနားလည်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် စီးပွားဖြစ်လုပ်ငန်းတွေမှာ ကိုယ့်ရဲ့ တီထွင်ဖန်တီးမှုတွေကို မထိခိုက်စေဖို့ License အမျိုးအစားကို ရွေးချယ်ဖို့က အရေးကြီးပါတယ်။
သေခြာလေ့လာချင်တယ်ဆိုရင်တော့ အောက်က Link တွေမှာ ကိုယ်တိုင်ဖတ်ကြည့်လို့ ရပါတယ်။
- https://opensource.org/licenses
- https://opensource.guide/
- https://choosealicense.com/