Git Config

ပထမဆုံး ~/.gitconfig မှာ Folder path ပြင်ရပါမယ်။ ဘယ်လို ပြင်ရမလဲ ဆိုရင် သင့်မှာ work and personal ဆိုပြီး git account နှစ်ခု ရှိတယ်ဆိုပါစို့၊ work folder က Work နဲ့ သက်ဆိုင်တဲ့ folderဖြစ်ပြီး Project folder က Personal code တွေ သိမ်းဆည်းတဲ့ folder လို့ ယူဆ လိုက်ပါမယ်။ ပထမဆုံး .gitconfig-work နဲ့ .gitconfig-personal ဆိုပြီး အဆင်ပြေတဲ့ နေရာမှာ file နှစ်ခု တည်ဆောက်လိုက်ပါမယ်။ အဲ့ဒီ file နှစ်ခု ကို .gitconfig ကနေ link ချိတ်ပါမယ်။

example -

[includeIf "gitdir:~/Project/"]
  path = ~/.gitconfig-personal
[includeIf "gitdir:~/work/"]
  path = ~/.gitconfig-work

သက်ဆိုင်ရာ file မှာ သက်ဆိုင်ရာ username နဲ့ email ထည့်ရင် အဆင်ပြေပါပြီ

example .gitconfig-personal

[user]
 name = your_username
 email = your_email

.gitconfig-work ကို လည်း အထက်ပါတိုင်း ပြင်ဆင်လိုက်ရင် သက်ဆိုင်ရာ folder မှာ git init ပြုလုပ်တိုင်း သက်ဆိုင်ရာ git config file ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်